CDM doctor killed people more than of Junta in Myanmar
အာဏာရှင်ကိုဆန့်ကျင်တာလား
ဆရာဝန်ကျင့်ဝတ်ကိုဆန့်ကျင်ပြီးလူသတ်နေတာလား
နစကက နှိမ်နင်းလို့သေတဲ့လူဦးရေထက် cdmဆရာဝန်တွေဆေးမကုလို့သေတဲ့လူဦးရေက ပိုများလိမ့်မယ် မြန်မာနိုင်ငံက cdmဆရာဝန်တွေသူနာပြုတွေဆေးဝန်ထမ်းတွေက တကယ့်လူသတ်သမားအစစ်ပဲ
CDM သွေးအေးလူသတ်သမားဒေါက်တာသန်းမင်းထွဋ်ကို
ဘာကြောင့်ဖမ်းဆီးခဲ့သလဲ ?
********
CDMလုပ်ပြီး ဆေးရုံပိတ်ထားလို့ လူနာသေဆုံးမှုဖြစ်စေခဲ့တဲ့
ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်အား ၅၀၅(က)ဖြင့် အမှုဖွင့်
ပုသိမ် မတ် ၁၄
ပင်းတယမီးအိမ်ရှင်အဖြစ်ထင်းရှားသည့် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်သည်
ဆေးရုံဝန်ထမ်းများကို ဦးဆောင်ပြီး CDM လုပ်ကာ ဆေးရုံကြီးကို ပိတ်ထားခဲ့ပါတယ်။
ဆေးရုံတက်ရောက်ကုသလျက်ရှိသူလူနာများအား ဆက်လက်ဆေးကုသမှုမပေးတော့ပဲ ဆေးရုံမှ
အတင်းအကြပ်ဆင်းစေခဲ့ပါတယ်၊ အရေးပေါ်လူနာများကိုပင်လျှင် ကုသပေးမှုမပြုပဲ လစ်လျူရှု
နေခဲ့ပါတယ်၊ ဖေဖော်ဝါရီ ၆ရက်နေ့ ဆင်ပင်ကြီးကျေးရွာက ၄၂နှစ်အရွယ် မြွေကိုက်ခံရတဲ့
လူနာကို ပုသိမ်ဆေးရုံကြီးသို့လာရောက်ပြသရာ ကုသမှုမပေးခဲ့တဲ့အတွက် မလိုအပ်ပဲ
အသက်ဆုံးရှုံးခဲ့ရပါတယ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့မှာလည်း ကျောင်းကုန်းက ကိုယ်ဝန်
၈ လနဲ့ ရေမြွာပေါက်ပြီးအရေးပေါ်ဖြစ်နေတဲ့ ၂၂ နှစ်အရွယ် ကိုယ်ဝန်ဆောင်ကိုပုသိမ်ဆေးရုံကို
သွားရောက်ပြသရာမှာ ဆေးကုသမှုမပေးခဲ့တဲ့အတွက် လမ်းမှာတင်မွေးပြီး ကလေးသေဆုံးခဲ့ရပါတယ်၊
ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ရက်နေ့မှာလည်း သာပေါင်းက ၃၄ နှစ်အရွယ် ကျောက်ကပ်ရောဂါ
ခံစားနေရသူ အမျိုးသမီးတစ်ဦးပုသိမ်ဆေးရုံကြီးကို သွားရောက်ပြသရာမှာလည်း ဆေးကုသမှုမပေးခဲ့လို့
ထပ်မံသေဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။
ပင်းတယမှာတာဝန်ထမ်းဆောင်စဉ်က ပြည်သူတွေကို ကူညီစောင့်ရှောက်
ခဲ့လို့ မီးအိမ်ရှင်ဘွဲ့တောင်ပေးပြီး ပြည်သူ့ချစ်ခင်မှုရခဲ့တဲ့ ဒေါက်တာသန်းမင်းထွဋ်ဟာ
ပုသိမ်မှာတော့ CDMကြောင့် လူတွေသတ်ခဲ့ပါပြီ၊ ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်တွေ
ကို ဖောက်ဖျက်ပြီး ဆေးကုသမှုမပေးပဲ လူနာတွေကိုသေစေခဲ့သူ ဒေါက်တာသန်းမင်းထွဋ် ကို
ဥပဒေအရအရေးယူပေးဖို့ နစ်နာသူတွေက တိုင်ကြားခဲ့တဲ့အတွက် ပုသိမ်ရဲစခန်းမှာ ၅၀၅(က)နဲ့ အရေးယူ
#မြစ်မင်းဧရာ

Comments
Post a Comment