Bangali illegal migrants found in Yangon
နေအိမ် ၂ လုံး ထဲတောင် ဝှစ်သောက် ၁၀၀(တစ်ရာ) ဆိုတော့ အဲဒီလို ဘယ်လောက်များ ရှိနေလည်း မသိ ငွေမျက်နှာကြည့် နေတဲ့ သူတောင်းစားတွေ နဲ့တော့ ခက်ပြီ မြန်မာပြည်ရေ
👎👎👎👎👎
ရန်ကုန်မြို့က နေအိမ် ၂ လုံးထဲကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၀၀နီးပါး တွေ့ရှိ
ဇန်နဝါရီ ၆ -၂၀၂၁
ကိုတိုးကြီး (VOM)
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ရွှေပြည်သာဘုရင့်နောင်လမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက မသင်္ကာသူ လူ ၁ ဦးကို ပူးပေါင်းအဖွဲ့စုံက စစ်ဆေးလိုက်ချိန် နိုင်ငံသားအထောက်အထားမဲ့သူ ၉၈ ဦးနေထိုင်နေတဲ့ နေအိမ် ၂ လုံးကို ဖမ်းဆီးတွေ့ရှိခဲ့တယ်လို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။
"မသင်္ကာသူတစ်ယောက်ကို အရင်စတွေ့တယ်၊ သူက ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂါးအုပ်စု၊ ကသည်းကျေးရွာက ရေငုတ်လုပ်သား ဘင်္ဂါလီလူမျိုး အသက် ၁၉ နှစ်အရွယ် လိုဘီတာလို့ ဆိုသူဖြစ်တယ် ၊ သူ့ကို အဖွဲ့စုံက အသေးစိတ် စစ်ဆေးလိုက်တဲ့အခါ အခုလို ပေါ်ပေါက်ခဲ့တာဖြစ်တယ်"လို့ ဖြစ်စဥ်စစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။
အဲ့ဒီနောက် ပူးပေါင်းအဖွဲ့စုံရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက် နေအိမ်တစ်အိမ်ကို ဝင်ရောက် စစ်ဆေးတဲ့အခါ နိုင်ငံသားအထောက်အထားနဲ့သူ အမျိုးသား ၈ ယောက် နဲ့ အမျိုးသမီး ၁ဝ ယောက်ကို ကနဦး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၃ ရပ်ကွက် ၊ တော်ဝင်လမ်း ၊ အိမ်အမှတ်-၁၅ / ၅၄ နေအိမ်ကို ဆက်လက်ပြီး ဝင်ရောက်စစ်ဆေးတဲ့အခါ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီ ၆၃ ယောက်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးက လ.ဝ.က ၊ စ.စ.စ ၊ သတင်းရဲတပ်ဖွဲ့ ၊ ထွေ/အုပ်နဲ့ ကျန်းမာရေးအဖွဲ့တွေက တွေ့ရှိရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၉၈ ဦးကို အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Photo - ပူးပေါင်းစစ်ဆေးရေးအဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #နိုင်ငံသားအထောက်အထားမဲ့ #၉၈ဦးဖမ်းမိ

Comments
Post a Comment